စာရေးသူ

အားလုံးမြင်နိုင်ရန်
Keila Ochoa

ကီလာ အိုခၽြာ

ကီလာအိုချွာ သည် ခင်ပွန်း၊ ကလေးနှစ်ဦးတို့နှင့် အတူ မက်စီကိုနိုင်ငံတွင် နေထိုင်ပါသည်။ ဆရာမ Keila သည် Media Associates International မှ ကမ္ဘာတစ်ဝှမ်း၌ ဦးဆောင် ကျင်းပသည့် သင်တန်းပို့ချခြင်း သာသနာလုပ်ငန်းတွင် ကူညီ အစေခံလျက်ရှိပြီး စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သည်။

စာမူ/ အကြောင်းအရာ များ ကီလာ အိုခၽြာ

ကြွယ်ဝသော အထောက်အပံ့

ကျွန်မတို့၏  ဥယျာဉ်ထဲ၌  မြေလူးငှက်ကလေးများကို  အစာကျွေးသည့်နေရာတစ်ခုရှိပြီး ငှက်ကလေးများလာရောက်စားသောက်ကြသည်ကိုကြည့်ပြီး  ကျွန်မတို့နှစ်သက်ပျော်ရွှင် မိသည်။ သို့သော်လည်း  မကြာသေးမီက  ခရီးသွားခဲ့သဖြင့်  အစာရေစာပြန်ဖြည့်ရန် မေ့လျော့နေခဲ့သည်။  ကျွန်မတို့ပြန်လည်ရောက်ရှိသောအခါ  အစာခွက်မှာ  ခြောက်ကပ် နေသည်။ " သနားစရာ ငှက်ကလေးတွေ၊ ကျွန်မ၏မေ့လျော့မှု ကြောင့်  သူတို့အစာအာဟာရ  ပြတ်လပ်ပါပြီ"  ဟု  ကျွန်မ တွေးထင်ခဲ့သည်။  သို့သော်  သူတို့ကိုကျွေးမွေးသူမှာ  ကျွန်မ မဟုတ်ဘဲ ဘုရားသခင်ဖြစ်ကြောင်း သတိပေးခြင်းခံရသည်။
ဘ၀၏လိုအပ်ချက်များကြောင့်  ကျွန်မတို့  ခွန်အား ကျဆင်းပြီး  ပြန်လည်ဖြည့်ဆည်းပေးမည့်သူ  မည်သူတစ်ဦး တစ်ယောက်မျှမရှိဟု  တစ်ခါတစ်ရံ  ကျွန်မတို့  ခံစားရသည်။ သို့သော် ကျွန်မတို့၏စိတ်ဝိညာဉ်ကို  ခွန်အားဖြည့်ပေးသူမှာ အခြားသူမဟုတ်၊ ဘုရားသခင်ဖြစ်သည်။
ဆာလံ  ၃၆  တွင်  ဘုရားသခင်၏ချစ်ခြင်းမေတ္တာ ကြွယ်ဝမှုကို  ကျွန်မတို့ဖတ်ရသည်။  သူ့ကို ယုံကြည်စိတ်ချသူများအား  ကိုယ်တော် ကြွယ်ဝစွာ  ကျေနပ်အားရစေကြောင်း  ဖော်ပြထားသည်။  "ချမ်းသာမြစ်ရေ" …

အသက်သွေး

မေရီအန်းသည် ဘုရားသခင်နှင့် သားတော်ယေရှုကို ယုံကြည်သည်။ သို့သော် လည်း ကယ်တင်ခြင်းအတွက် သခင်ယေရှုက ဘာကြောင့် အသွေးသွန်းရသနည်းဟု သူနားမလည်နိုင်။ အသွေးနှင့်သန့်ရှင်းစေခြင်းကို မည်သူက စဉ်းစားမည်နည်း။ သို့သော် ကျမ်းစာ၌ ‘‘ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏’’ (ဟေဗြဲ ၉း၂၂) ဟု ဖော်ပြထားရာ မေရီအန်း၏စိတ်၌ ‘‘စိတ်ပျက်စရာ’’ ဟု ယူဆသည်။
သို့နှင့် တစ်နေ့တွင် သူဆေးရုံတက်ရသည်။ မျိုးရိုး လိုက်သည့် ရောဂါတစ်ခုကြောင့် သူ၏ကိုယ်ခန္ဓာ ခုခံမှုစနစ်  ပြောင်းလဲသွားပြီး သူဖျားနာသောအခါ သွေးများ ပျက်စီး သွားကြောင်း ဆရာဝန်များတွေ့ရှိခဲ့သည်။ စိုးရိမ်စရာ အခြေအနေပါ။ အရေးပေါ်ခန်း၌ ရှိနေစဉ် ‘‘ငါသွေးတွေကုန်သွားရင် ငါသေတော့မှာ။ ဒါပေမယ့် သခင်ယေရှု အသွေးသွန်းခဲ့တဲ့အတွက် ငါအသက်ရှင်နိုင်တယ်’’ ဟုတွေးမိ သည်။
ရုတ်ခြည်းပင် အရာခပ်သိမ်းက အဓိပ္ပာယ်နှင့်ပြည့်စုံလှပသွားသည်။ နာကျင်မှု ကြား၌…

ဖုန်းမဆက်ခင်...

ကလေးငယ်ရှိသည့် မိခင်အနေဖြင့် တစ်ခါတစ်ရံ ကျွန်မပြာယာခတ်နေတတ်သည်။ ဓာတ်မတည့်ခြင်းကြောင့် ကျွန်မသား တစ်ခုခုဖြစ်လျှင်၊ ကျွန်မသမီး ရုတ်တရက် ချောင်းဆိုးလျှင် ပထမဆုံး ကျွန်မ၏တုံ့ပြန်လုပ်ဆောင်ချက်မှာ ‘‘ဘာလုပ်ရမလဲ’’ဟု အမေ့ကို ဖုန်းဆက်မေးခြင်းဖြစ်သည်။
အမေက ကျွန်မသိလိုသမျှ ကြီးမားသော အရင်းအမြစ်ဖြစ်သည်။ သို့သော် ဆာလံကျမ်းကို ဖတ်ရှုသော အခါ အဘယ်လူသားမှ မပေးနိုင်သည့် မစကူညီမှုမျိုးကို ကျွန်မတို့ မကြာခဏ လိုအပ်ကြောင်း သတိပေးခံရသည်။ ဆာလံ ၁၈ တွင် ဒါဝိဒ်သည် အန္တရာယ်ဒုက္ခကြုံနေရပြီး ကြောက်ရွံ့လျက် သေလုမတတ်ဖြစ်လျက်၊ စိတ်သောက ရောက်လျက် ထာဝရဘုရားထံ အော်ဟစ်ခဲ့သည်။
ထာဝရဘုရားသည် သူ၏ကျောက်၊ သူ၏မြို့ရိုး၊ သူ့ကိုကယ်လွှတ်သော သခင် ဖြစ်ကြောင်း (း၁-၂) ဒါဝိဒ် သိနားလည်ခြင်းကြောင့် “ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏” ဟု ဆိုနိုင်ခဲ့သည်။ ထာဝရဘုရားသည် သူ၏ဒိုင်းလွှား၊ သူ၏ကယ်တင်ခြင်း၊ သူ၏ရဲတိုက် ဖြစ်တော်မူသည်။ ဒါဝိဒ်၏ချီးမွမ်းခြင်းကို…

လိုလားသော ကြီးထွားတိုးတက်မှု

Axolott (အက်စပ်လားထါဟု အသံထွက်သည်) ဆိုသည့်သတ္တ၀ါလေးမှာ သက်ရှိ ဇီဝဗေဒ နှင့်ဆိုင်သော အဖြေမရှိသည့် ပုစ္ဆာတစ်ပုဒ်ဖြစ်သည်။ ဤမျိုးတုံးလုနီးပါးဖြစ်သော မက္ကဆီကန် ကုန်းနေရေနေ သတ္တ၀ါလေးသည် ကြီးထွားအရွယ်ရောက်လာရမည့်အစား ဖားလောင်း အရွယ်လောက်နှင့်သာ ဘ၀တစ်လျှောက်လုံးရှိနေသည်။ စာရေးဆရာများ၊ တွေးခေါ်ပညာရှင်များက ကြီးထွားရန် စိုးကြောက်နေသူများ အား ဖော်ပြရာ၌   ထိုသတ္တ၀ါကို ညွှန်းဆိုအသုံးပြုကြသည်။
ဟေဗြဲ ၅ ၌ ကျန်းကျန်းမာမာ မကြီးထွားလိုသော ယုံကြည်သူအသစ်များအတွက် ရည်ရွယ်ထားသော “နို့”
နှင့်သာ တင်းတိမ်ကျေနပ်နေသူ ခရစ်ယာန်များအကြောင်း လေ့လာရသည်။ ညှင်းပန်းနှိပ်စက်ခံရမည်ကို စိုးကြောက်ခြင်း ကြောင့် ဖြစ်ကောင်းဖြစ်မည်။ ခရစ်တော်အပေါ် သစ္စာရှိခြင်း အမှု၌ သူတို့ ရင့်ကျက်လာခြင်း မရှိပါ (း၇-၁၀)။ ထိုသို့ ရင့်ကျက်လာလျှင် တစ်ပါးသူအတွက် ခရစ်တော်နှင့်အတူ ဒုက္ခခံနိုင်အောင် ကြံ့ခိုင်လာလိမ့်မည်။ မကြီးထွားသည့်အပြင် သူတို့ယခင်ကပြသခဲ့သော ခရစ်တော်နှင့် တူသောစိတ်ထားများပင် လျော့ပါးပျောက်ကွယ်မည့် အန္တရာယ်ရှိနေသည်…

ကျိုးပဲ့လွယ်သောလက်ဆောင်များ

ကျိုးပဲ့လွယ်သော လက်ဆောင်များပေးသောအခါ အထုပ်ပေါ်တွင် ကျွန်ုပ်တို့ အမှတ်အသား ပြထားသည်။ ‘‘ကွဲတတ်သည်’’ ဟူ၍ စာလုံးအကြီးကြီး ရေးကြသည်။ အကြောင်းမှာ အထဲတွင်ပါသော ပစ္စည်းကို မပျက်စီးစေချင်သောကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ လက်ဆောင်သည် နုနယ်ပြီး ပျက်စီးလွယ်သော
သူငယ်အဖြစ်နှင့် ထုပ်ပိုးထားသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် ခရစ်စမတ်နေ့ရက်ကာလများကို ပို့စကတ် ပေါ်မှ လှပသောမြင်ကွင်းများအဖြစ် စိတ်ကူးယဉ်မြင်ယောင်
ကြသည်။ သို့သော် ထိုကဲ့သို့မဟုတ်ကြောင်း မည်သည့် မိခင်မဆို တပ်အပ်ပြောနိုင်သည်။ မာရိမှာ ပင်ပန်းနေပြီး မလုံခြုံမှုကို ခံစားရနေနိုင်သည်။ ကလေးငယ်မှာ သူမ၏ သားဦးဖြစ်ပြီး သန့်ရှင်းသပ်ရပ်မှုမရှိသော အခြေအနေတွင် မွေးဖွားခဲ့ရသည်။ သူမသည် ‘‘သားဦးကို ဖွားမြင်ရန် အ၀တ်နှင့်
ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာ မရှိ သောကြောင့်၊ သူငယ်ကို နွားစားခွက်၌ သိပ်ထားပေး၏’’ (လု၂း၇)။
ကလေးငယ်တစ်ဦးကို အမြဲဂရုစိုက်ရန်လိုအပ်သည်။ သူတို့ကို…

သစ္စာ ရှိသော အစေခံ

မဲန်ဒဲလ်နိုသည် အုတ်စီလုပ်သားတစ်ဦးဖြစ်သည်။ တနင်္လာနေ့မှ ကြာသပတေးနေ့ အထိ နံရံဆောက်၊ အမိုးပြင်စသည်ဖြင့် အလုပ်လုပ်သည်။ သူက အေးအေးဆေးဆေး သမားဖြစ်ပြီး စိတ်ချရသည်။ အလုပ်ကြိုးစားသည်။ ထို့နောက် သောကြာနေ့မှ တနင်္ဂနွေနေ့
သုံးရက်တွင် တောင်ပေါ်သွားပြီး နှုတ်ကပတ်တော် သင်ပေးသည်။ သူကမက္ကစီကို လူမျိုးစု Nahuatt ဘာသာစကား ပြောတတ်သဖြင့် ထိုဒေသတွင် သခင်ယေရှု၏ သတင်းကောင်းကို အလွယ်တကူ ဆက်သွယ်
ပြောကြားနိုင်သည်။ အသက် ၇၀ ရှိသည့်တိုင် လက်သမား အလုပ်ကို လုပ်နေဆဲ၊ အိမ်ဆောက်လုပ်ဆဲ၊ ထိုမျှမက ဘုရား သခင်၏မိသားစုကို တည်ဆောက်ရန် လုပ်ဆောင်နေဆဲပင်။
မဲန်ဒဲလ်နိုသည် အသက်ဘေး အန္တရာယ်နှင့်လည်း အကြိမ်ကြိမ် ကြုံဖူးသည်။ လမ်းဘေး၌လည်း အိပ်စက်ခဲ့ဖူး သည်။ ကားမတော်မဆမှုလည်း ကြုံဖူးသည်။ တောင်ပေါ်မှ လည်း ပြုတ်ကျဖူးသည်။ မြို့ထဲမှလည်း မောင်းထုတ်ခံရ သည်။ သို့သော်…

ကျွန်ုပ်တို့နှင့်အတူ၊ ကျွန်ုပ်တို့အတွင်းမှာ

ကျွန်မသားလေး မူကြိုကျောင်း စတက်ပါပြီ။ ‘‘ကျောင်းကို မကြိုက်ဘူး’’ ဟု ပထမနေ့ မှာပင် အော်ဟစ်ငိုကြွေးခဲ့သည်။ ကျွန်မတို့လင်မယား သူနှင့် စကားပြောရပါတော့ သည်။ ‘‘ဖေဖေ မေမေက သားအနားမှာ ရှိမနေပေမဲ့ သားအတွက် ဆုတောင်းပေးတယ်။ သခင်ယေရှုက သားနဲ့အတူ အမြဲရှိတယ်။’’
‘‘ဒါပေမဲ့ သူ့ကိုမှ မမြင်ရတာ’’ ဟု သူက အတွန့် တက်သည်။ ဖခင်က သူ့ကို ပွေ့ဖက်လျက် ‘‘ သားအထဲမှာ ယေရှုရှိတယ်လေ။ သားကို တစ်ယောက်တည်း မချန်ထား ပါဘူး’’ ဟုဆိုရာ၊ သူ့ရင်ဘတ်ကို ပုတ်လျက် ‘‘ဟုတ်တယ်။ ယေရှု သားအထဲမှာ ရှိတယ်’’ ဟု ပြန်ပြောလိုက်သည်။
ခွဲခွာခြင်းဝေဒနာ ပူပန်သောကကို ကလေးများသာ ခံစားရသည် မဟုတ်ပါ။ ဘ၀တစ်လျှောက် တစ်ယောက် တစ်နေရာစီ ကွဲသွားခြင်း၊ ဆုံးပါးသွားခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့်…

အချိန်အကျန်အကြွင်းလေးများ

ကျွန်မမိတ်ဆွေတစ်ဦးသည် ကျွန်မတို့မြို့သို့လာသည်။ သူသည် အလွန်အလုပ်များပြီးသူ့အချိန်ဇယားက ပြည့်ကျပ်နေသည်။ သို့သော် အရေးကြီးစည်းဝေးများတက်ပြီးနောက် ကျွန်မမိသားစုနှင့် ညစာစားရန် နာရီဝက်ခန့် အချိန်ပေးသည်။ ကျွန်မတို့ထံ လာလည်ခြင်း ကြောင့် ကျွန်မပျော်ရွှင်သော်လည်း ပန်းကန်ပြားကို ကြည့်ရင်း ‘‘သူ့ရဲ့အချိန် အစအန အကျန်အကြွင်းကိုပဲ ငါတို့ ရတာ’’ ဟု ကျွန်မ တွေးမိပါသည်။ ထို့နောက်တွင် ဘုရားရှင်က ကျွန်မ၏ အချိန် အကြွင်းအကျန်လေးများကို ရရှိသည်မှာ ဘယ်နှစ်ကြိမ်ပင် ရှိနေပြီလဲဟု သတိရတွေးမိသည်။ တစ်ခါတစ်ရံ ကျွန်မ အိပ်မပျော်မီ အချိန် မိနစ်အနည်းငယ်ကိုသာ ရသည်။ ဒံယေလသည် အလုပ်များသူဖြစ်သည်။ ရှေးဗာဗုလုန် နိုင်ငံတော်ကြီးတွင် အဆင့်မြင့် အထက်တန်း အုပ်ချုပ်ရေး ရာထူးကို ရရှိထားသူဖြစ်သောကြောင့် သူ့အချိန်ဇယားက ပြည့်ကျပ်နေမည်မှာ မလွဲပါ။ သို့သော် သူသည် တစ်နေ့ ၃ ကြိမ် ဆုတောင်းလျှက် ဘုရားရှင်ကို အချိန်ပေးသည်။…

စိတ်နှလုံးမှာ သိုထားပါပြီ

ဒစ်ဂျစ်တယ် မဂ္ဂဇင်း ဖတ်ခြင်းကို တစ်ဖြည်းဖြည်းနှင့် ကျွန်မ ကျင့်သားရလာပြီး စက္ကူကို ချွေတာနိုင်ခြင်းကြောင့်လည်း ကျေနပ်မိသည်။ ထို့ပြင် စာတိုက်မှ ရောက်လာမည့် မဂ္ဂဇင်း စာအုပ်ကိုလည်း စောင့်စရာမလိုတော့ပါ။
သို့သော်လည်း စာရွက်တရွက်ခြင်းစီလှန်၍ မိမိစိတ်ကြိုက် နှစ်သက်သော နေရာတွင် အမှတ်အသားလုပ်နိုင်သည့် ပုံနှိပ်မဂ္ဂဇင်း စာအုပ် ကိုလည်း အောက်မေ့လွမ်းဆွတ်မိပါသည်။
ကျွန်မ၌ ဒစ်ဂျစ်တယ် ကျမ်းစာအုပ်လည်း ရှိသည်။ သို့သော်လည်း အကြိမ်ကြိမ် ဖတ်ရှုမျဉ်းသားထားသော ပုံနှိပ်ကျမ်းစာအုပ်လည်း ရှိသေးသည်။ စာပုံနှိပ်လုပ်ငန်း၏ အနာဂတ် မည်သို့ရှိမည်ကို မသိနိုင်သော်လည်း သေချာသည့် အရာတစ်ခုမှာ ဘုရားသခင်၏နှုတ်ထွက်စကားသည် ကျွန်မတို့၏လက်ကိုင်ဖုန်း၊
အီလက်ထရောနစ်စာအုပ်နှင့် စားပွဲပေါ်၌ ရှိရမညအရာ မဟုတ်ပါ။
၁၁၉ ခု မြောက်သောဆာလံ၌ နှုတ်ကပတ်ကျမ်းစာကို စိတ်နှလုံး၌ တန်ဖိုးထားစောင့်ရှောက်ရန် ‘‘ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ’’ ဟုဆိုထား သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်း၊ ကိုယ်တော့်အကြောင်းကို…

ကျွန်ုပ်တို့၏ဘ၀သီချင်း

လူတိုင်းတွင် ၎င်းတို့ကြားရသော သီချင်းအပေါ် မတူညီသော ခံစားမှုရှိကြသည်။ တေးရေး ဆရာက သူ့သီချင်းကို သူ့စိတ်ကူးယဉ်ကမ္ဘာတွင် ကြားရသည်။ ပရိသတ်များကမူ အာရုံခံစားချက်ဖြင့် ခံစားကြားနာရသည်။ တီးဝိုင်းအဖွဲ့သူ အဖွဲ့သားများမှာမူ သူတို့နှင့် အနီးဆုံး တူရိယာများ၏အသံအားဖြင့် ရှင်းလင်းစွာ ကြားကြသည်။
ထိုနည်းတူ ကျွန်မတို့သည်လည်း ဘုရားသခင်၏ သံစုံတီးဝိုင်းအဖွဲ့တွင် ပါဝင်သော အဖွဲ့သားများဖြစ်ပြီး အများအားဖြင့် မိမိနှင့်နီးစပ်ရာ တူရိယာ၏အသံကိုသာ ကျွန်မတို့ ကြားလေ့ရှိသည်။ စည်းချက်ညီညီနှင့် တစ်ဖွဲ့လုံး၏ လုပ်ဆောင်မှုကို မမြင်နိုင်ခြင်းကြောင့် ကျွန်မတို့သည် ဒုက္ခဆင်းရဲခံစားရချိန်တွင် ‘‘ယခုမူကား ငါသည် သူတို့သီချင်း ဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ်ပါသည်တကား’’ (ယောဘ ၃၀း၉) ဟု အော်ဟစ်နေသည့် ယောဘနှင့် တူနေပါသည်။
မင်းညီမင်းသားများနှင့် အရာရှိများက သူ့ကို ရိုသေ လေးစားကြခြင်းကို ယောဘ ပြန်ပြောင်းသတိရသည်။ သူ့ဘ၀က ကောင်းစားသည်။ ‘‘ငါသွားသောလမ်း၌ နို့ရည်စီးလေ၏။…